Recent Posts

Thursday, June 30, 2016

 ငါဟာ နင့်အတွက် ဟာသတစ်ပုဒ်....

သိပ်ချစ်လွန်းလို့... မင်းဆိုးသမျှခွှင့်လွှတ်ထားတာကို..... "ငတုံး"ဆိုတဲ့အသုံးအနှုန်းနဲ့...ပြက်ရယ်ပြုရက်တယ်........ ရပါတယ်..  
အချစ်အတွက် စုတ်ပြတ်သတ်အောင်အပြောခံရပါစေ...
 အမှတ်မရှိတဲ့ ငါ့နှလုံးသားက...  
မင်းကိုဘဲ ဆက်ချစ်နေမိတယ်....


                                       အာကာစိုး(မာန်အောင်)

တာရာမင်းဝေကဗျာ ( ၁ )

တစ်နေ့ပြီးတစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး၊၊

ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့၊၊

တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ ၊၊
ဘာဖြစ်လဲ....

အဲဒီဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလဲ မပြိုလဲခဲ့ပါဘူးကွယ် ၊၊


ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ ၊၊
တစ်ယောက်တစ်လမ်းစီ မသွားရတာလဲ ကြာပြီ ၊၊

ကိုယ်က တခြား ၊ သူကတခြား ဖြစ်နေခဲ့ကြပေမယ့်
ဘယ်သူမှ မလွဲမှားခဲ့ကြတာလဲ ကြာပြီ ၊၊

ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော

ငါ့ အတွက်တော့
နေသံ ၊ လသံ ရောနေခဲ့တာ ကြာပြီ ၊၊

အရိပ်

 အရိပ်

မင်းအပြင်ထွက်တဲ့အခါ နောက်ကိုလှည့်မကြည့်နဲ့

မင်းနောက်မှာကိုယ်ရောက်နေပြီ

ကိုယ်ဟာအရိပ်ကလေးပါအချစ်ရယ်..။

မင်းလမ်းလျှောက်ထွက်တဲ့အခါ

နောက်ကိုလှည့်မကြည့်နဲ့

မင်းနောက်မှာကိုယ်ရောက်နေပြီ

ကိုယ်ဟာ အရိပ်ကလေးမို့လို့ပါကွယ်..။

မင်းဘေးအန္တရာယ်ကြုံတဲ့အခါ

နောက်ကိုလှည့်မကြည့်နဲ့

မင်းရှေ့မှာ ကိုယ်ပြေးနေပြီ

ကိုယ်ဟာ ကြောက်တတ်လွန်းလို့ပါကွယ်..။


 မှတ်ချက်..မူရင်းရေးသားသူအား Credit ပေးပါသည်.... 

Wednesday, June 29, 2016

တုန်လှုပ်နေတဲ့နှလုံးသားတစ်စုံ……………

တိတ်ဆိတ်တယ် 
ငြိမ်သက်တယ်
ဒါပေမယ့် 
ငါ့ရင်ခွင် တစ်နေရာမှာ
မင်းဆိုတဲ့ နာမည် တစ်လုံးက
အမြဲ တုန်လှုပ်နေတုန်း…………

                                                                 R Kar Soe ( မာန်အောင်)

Tuesday, April 19, 2016

မေးလဲမေးချင်တယ် မေးလဲမေးလိုက်ပြီ :P

#မိန်းမဆိုတာ
သူတို့ အပေါ် ဂရုစိုက်တာ
များလေ ကိုယ့်အပေါ်
ဥပက္ကာတရားတွေပဲပြန်ပေးတတ်တဲ့
အမျိုးတွေများလား?

                

လွမ်းမိပါတယ်

ချစ်သူ
မင်းရဲ့ ပြုံးလေတွေ ကို
အမြဲသတိရနေတတ်တဲ့ ငါစိတ်တွေ
ကို အခုဆို ဘယ်လိုမှ ဖြေဖျောက်မရတော့ ဘယ်လို
လုပ်ရမှာလဲကွာ…………

Friday, February 19, 2016

တွေးမိတွေးရာ

ဇီဝ ဖြစ်စဉ်တွေ အတိုင်း
ဝင်လေ ထွက်လေသက်သက်
ကျုပ် အသက်ရှုမဝဘူး.......

အခန်းငယ်ထဲက လေထု
ဘာဒြပ်ထုတွေ ပါဝင်ပျံ့နှံ့နေသလဲ
မီးခိုးငွေ့တွေအလား......
ကျုပ်ရဲ့ အနာဂတ်တောင် မှုန်ဝါးဝါးပဲ

                             အာကာစိုး(cheduba)

Thursday, February 18, 2016

ကစားစရာထင်ပါသလား?

ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ.....

အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ......

ပျားရည်တစ်စက်နှင့်
ဝမ်းပျက်စေခဲ့သူ.....

တကယ့်တကယ် ၊ တွယ်တာသနား
လားလားမဟုတ် ၊ ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ.....

မုတ်သုံမဝင် ၊ မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ၊ ရာသီဆိုးထဲက
ယာယီမိုးကလေး တစ်ခုပါပဲ ။ .....။
                   အာကာစိုး မာန်အောင်