Recent Posts

Saturday, January 12, 2019

တနင့်နင့်စိမ်း😖

မမြင်သာ အတွေ့ခက်
နေ့ရက်က တာရှည်
သံယောဇဉ်ဆိုတာ
နွယ်လေး တပင်ပေါ့…

တွယ်ငင်လို့ တိမ်း
နွယ်ပင်မို့ ယိမ်းလေရော့သလား…

မဖြေသာ နေရာဝေးမှာလ
ဝေဒနာ ဖွေရှာမရပြီမို့
ရာသီတွေ ဘယ်လိုပြောင်းပေမဲ့
သြော် ချစ်ရတဲ့သူရယ်
လွမ်းရတဲ့ ရင်ဝယ်မှာဖြင့်
ကျွမ်း.. တနင့်နင့် စိမ်း------

#Unknown