Recent Posts

Thursday, June 30, 2016


တာရာမင်းဝေကဗျာ ( ၁ )

တစ်နေ့ပြီးတစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး၊၊

ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့၊၊

တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ ၊၊
ဘာဖြစ်လဲ....

အဲဒီဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလဲ မပြိုလဲခဲ့ပါဘူးကွယ် ၊၊


ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ ၊၊
တစ်ယောက်တစ်လမ်းစီ မသွားရတာလဲ ကြာပြီ ၊၊

ကိုယ်က တခြား ၊ သူကတခြား ဖြစ်နေခဲ့ကြပေမယ့်
ဘယ်သူမှ မလွဲမှားခဲ့ကြတာလဲ ကြာပြီ ၊၊

ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော

ငါ့ အတွက်တော့
နေသံ ၊ လသံ ရောနေခဲ့တာ ကြာပြီ ၊၊

No comments:

Post a Comment