အပြာရောင်လေးရေ
ငါ့အိပ်မက်အသေတွေ ကျဲဖြန့်ထားတဲ့
အိမ်ရှေ့နားက
ခပ်နွမ်းနွမ်းမနက်တွေထဲမှာ
ငါလှမ်းစရာ လမ်းပျောက်နေသလိုပဲ ....။
မရေမရာ မျှောင်လင့်ချက်တွေကို
ထုတ်ကြည့်ရဖန်များလာတော့
ငါ့ဝိညာဉ်ကို ငါ ရှက်လာသလို အားနာလာသလိုပဲ
ငါသူ့ကိုတော့မေးကြည့်လိုက်ပါတယ်
" ငါ ရူးနေပီလား" လို့
ဒါပေမဲ့
တကယ့်မရဲတရဲလေးရယ်ပါ ...။
ဟိုးအရင်တုန်းက
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လျှောက်နေတဲ့
ငါ့လမ်းတွေပေါ်မှာ
အပြာရောင်မိုးတွေ ရုတ်တရက်ကြီး ရွာချတယ်
သစ်ခွတွေရနဲ့မပြယ်ခင် သစ်ရွက်တွေမညှိုးနွမ်းခင်
သဲသဲမဲမဲပေါ့ .... ။
ဘာမှမဖြစ်ပါဘူးဆိုပီး ဆက်လျှောက်ခဲ့ပေမဲ့
တကိုယ်လုံးရွှဲရွှဲစိုလာမှ ပြန်ငုံကြည့်တော့
ငါ့မှာ ရင်ဘတ်မရှိတော့ဘူး
အခု
ငါ့ကိုယ်ငါပါပျောက်ဆုံးနေတယ် ... ။
အပြာရောင်လေးရေ
ငါ အခုချိန်အထိ မိုးမိနေတုန်းပါပဲ
ဒါပေမဲ့
တယောက်ယောက်အတွက်
တခုခုအတွက်
ဒါမှမဟုတ်ရင်လဲ
ဘာမှမဟုတ်တာအတွက်
မနက်ဖြန်ကစပီး ငါ တခုခုလုပ်ရတော့မယ် ...။