Recent Posts

Friday, February 19, 2016

တွေးမိတွေးရာ

ဇီဝ ဖြစ်စဉ်တွေ အတိုင်း
ဝင်လေ ထွက်လေသက်သက်
ကျုပ် အသက်ရှုမဝဘူး.......

အခန်းငယ်ထဲက လေထု
ဘာဒြပ်ထုတွေ ပါဝင်ပျံ့နှံ့နေသလဲ
မီးခိုးငွေ့တွေအလား......
ကျုပ်ရဲ့ အနာဂတ်တောင် မှုန်ဝါးဝါးပဲ

                             အာကာစိုး(cheduba)

Thursday, February 18, 2016

ကစားစရာထင်ပါသလား?

ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ.....

အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ......

ပျားရည်တစ်စက်နှင့်
ဝမ်းပျက်စေခဲ့သူ.....

တကယ့်တကယ် ၊ တွယ်တာသနား
လားလားမဟုတ် ၊ ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ.....

မုတ်သုံမဝင် ၊ မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ၊ ရာသီဆိုးထဲက
ယာယီမိုးကလေး တစ်ခုပါပဲ ။ .....။
                   အာကာစိုး မာန်အောင်