Recent Posts

Thursday, December 21, 2017

Adobe Photoshop CS2/CS3/CS4/CS5/CS6


အားလုံးပဲမင်္ဂလာပါ...အရမ်းကောင်းလို ဒီပိုစ်လေးကို ကူးယူလာခဲ့တယ်...
Adobe Photoshop CS2/CS3/CS4/CS5/CS6 အားလုံးကို မိမိအသုံးပြုမဲ့ CS တစ်ခုကို
မောက်စ် ဖြစ် တစ်ချက်ထောက်ပြီး အင်စတော့
လုပ်လိုက်ခြင်းဖြစ် အသုံးပြုလိုရပါပြီး...433.67MB ပဲရှိပါတယ်...
အသုံးပြုခြင်ရင်ယူသွားပါ...

Cradit..  = neemacdemy


                                       Download Here

Friday, November 24, 2017

မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ..


မြန်​မာနိုင်​ငံအ​ကြောင်းသိ​ကောင်းစရာအချို့ (၃)
၅၃။ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
[က ] ထေရဝါဒ        ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန်       ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ်       ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ              ။  ၃၀၅၇၆၅
[ င ] နတ် နဲ ဘာသာမဲ့    ။ ၇၉၀၅၈၀
၅၄ ။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသု ။ ဘိုးတော် ဦးဝိုင်း

၅၅။ မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212
၅၆။  မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
ရခိုင် ၇ မျိုး
ရှမ်း   ၃၃ မျိုး
ကချင် ၁၂ မျိုး
ကယား ၉ မျိုး
ကရင် ၁၁ မျိုး
ချင်း  ၅၃ မျိုး
ဗမာ  ၉ မျိုး
မွန်  ၁ မျိုး
.
၅၇။မြန်မာ နိုင်ငံတစ်ဝန်းကျေး ရွာပေါင်း … ( ၆၄၉၁၇ )
၅၈။မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း          … ( ၃၆၆ )
၅၉။မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း… ( ၆၁၃၀၂ )
၆၀။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း…[ ၃၈၈၁ ]
၆၁။ မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း         … [  ၂၇၂၉၂၇ ]
၆၂။ မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း …[ ၂၈၇၈၁၈ ]
၆၃။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း      …[ ၅၀၅၅၃ ]

၆၄။ မြန်မာထီ့(1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
၆၅။ မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်
၆၆။ ရန်ကုန်မြိုလယ်ကောင် ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါ ကာကွယ်သူ ( ဦးချန်ထွန်း )
၆၇။ ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး)
၆၈။ မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ …
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်
၆၉။မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
(1980-June -3)
၇၀။မြန်မာ့ ပထမဆုံး Robbot တီထွင်သူ ( ဦးကြည် )

၇၁။မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ  …(အနော်ရထာ )
၇၂။ ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝငိ မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ  … ဦးသိမ်းမောင် (1890-1975)
၇၃။မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ …
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)
၇၄။ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်
သင်ကြားခွင့်ရအောင် ဆောင်ရွက်ခဲ့သူ
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888  မှ 1973 ]
၇၅။မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
မဖွားအုန်း (1927)
၇၆။မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်…စောဆင်မြူရယ်ရီရှီး
၇၇။မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအား
စတင်တီထွင်အသုံးပြုခဲ့သောသူ…
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိုင် [1930) ဝန်းကျင်
၇၈။မြန်မာပထမဦးဆုံး နိုင်ငံရေးအစ…YMBA [1906]
၇၉။မြန်မာနိုင်ငံတော် သီချင်းကိုရေးစပ်သူ …
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံးသီဆို
၈၀။မြို့တော်ခန်းမ၏ ဗီသုကာပညာရှင် … စည်သူဦးတင်
၈၁။ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင်… ဖိုးပါကြီး
၈၂။မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
(က) ဦးဘဖေ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်
၈၃။မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထါ ကို မြန်မာလို ပထမဦးဆုံး
ဘာသာပြန်ရေးသားသော ပုဂ္ဂိုလ် ……
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော့်
၈၄။အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့
ကျီးသဲလေးထပ်ဆရား (ဇိနတ္တပကာသနီကျမ်း)

၈၅။ပုဂံ ပြည်၏ နောက်ဆုံးသောမင့်း(စောမွန်နစ်)
၈၆။တောင်ငူနောက်ဆုံးမင်းဆက်…… [ နတ်သျှင်နောင် ]
၈၇။ကုန်းဘောင်နောက်ဆုံးမင်းဆက်… [သီပေါမင်း ]
၈၈။ ပုဂံပထမဆုံးမင်း …                … [ သမုဒရာဇ် ]
၈၉။ တောင်ငူပထမဆုံးမင်း             …[ မင်းကြီးညို ]
၉၀။ကုန်းဘောင်ပထမဆုံးမင်း…     … [အလောင်းဘုရား]

၉၁။ မြန်မာ့ပထမဆုံး သတင်းစာ…[ မြန်မာအဆွေ ]
၉၂။မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ…[လော့ဒပ်ဖရင်]
၉၂။ ဒုတိယဘုရင်ခံ           … [ ဂရက်ဒေါက် ]
၉၃။ နောက်ဆုံးဘုရင်ခံ          …[ ဆာဟူးဘတ်ရင့်စ်]

၉၄။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်
၉၅။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
ပုဂံမင်းလက်ထက် [ 1852 ]
၉၆။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ့
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက့်
သူကျွန်လုံးလုံးဖြစ်…

၉၇။ မြန်မာ့ အကြီးဆုံး ကျွန်း… [ ရမ်းဗြဲကျွန်း ]
၉၈။မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်…
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား]
၉၉။မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]
၁၀၀။Burma ဟူသော English အမည်မှ
Myanmar ဟူသော English အမည်ကို
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို
၁၀၁။ ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့
သံအဖွဲ့ခေါင်းဆောင် … [ ရှင်ဒိသာပါမောက် ]
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်
၁၀၂။မြန်မာ့ ပထမဆုံး စတန့်မင်းသား
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနဲ
ယခုစကော့ဈေး(ဗိုလ်ချုပ်အောင်ဆန်းဈေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့ ……
၁၀၃။ [27-1-1947] မှာချုပ်ဆိုခဲ့တဲ့
အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုးဖို
ငြင်းဆိုခဲ့သူ နှစ်ဦး    …  …(ဂဠုန်ဦးစော နဲ သခင်ဗစိန် )
၁၀၃။ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့
ခုနှစ်တွေကတော့[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်
၁၀၄။မြန်မာ့ပထမဆုံး အဂလိပ်မြန်မာ အဘိဓါန်ပြုစုသူ
[ မက္ခရာမင်းသား ]
၁၀၅။မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
1755 မှာ စရေးခဲ့
၁၀၆။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ့[ဆာဂျေအေမောင်ကြီး]
၁၀၇။မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့…
[ထားဝယ် မြို့ ]
၁၀၈။မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ…(ရှင်စောပု)
၁၀၉။မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရားမြောက်ခံရသူ့
[ မိဖုရား ဖွာစော ]
၁၁၀။ မင်းငါးဆက် မိဖုရားမြောက်ခံရသူ…{ရှင်ဘို့မယ် )

၁၁၁။ မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက် ……
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင့်
မြို့ပေါင်း [ 366 ] ရှိပြီးတော့
Capital (မြို့တော်အဆင့် ) က သုံးမြို့သာရှိပြီး
ရုံးစိုက်ရာ [ 282] မြို့ နဲ အထွေထွေ
ရုံးစိုက်ရာ [ 81] တိုဖြစ်တယ်

၁၁၂။ ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းမှာ  မြန်မာနိုင်ငံသား နာနိုပညာရှင်
ဒေါက်တာစောလှဝေလည်း ပါဝင်…

၁၁၃။ ဟစ်တလာ လာ ကြည့်ခဲ့တဲ့ ပွဲမှာ
ယှဉ်ပြိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား …
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်ပဲဖြစ်ပါတယ်

၁၁၄။ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ
အသေထိုပြီး အနိုင်ယူခဲ့သည့် မြန်မာနိုင်ငံသာ့း
မောင်သောင်း [1917-Dec-16]
၁၁၅။၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
[ အာဠာဝက သခင်ဖိုးလှကြီး ]

၁၁၆။ တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ ကတော့
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်ပဲဖြစ်ပါတယ့်]

၁၁၇။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်
သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]

၁၁၈။ မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကို
စတင်စိုက်ပျိုးခဲ့သူ့[ ဒေါ်ဦးဇွန် ]

၁၁၉။ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင် ………[ ဗိုလ်အောင်ကျော် ]

၁၂၀။ ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါနိးခဲ့သော အမျိုးသမီး …
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး ဖြစ်တယ်

၁၂၁။ဂျူဗလီဟော ဘယ်မှာ …………¿
အာဇာနည် ကိုးဦးရဲ့ ဈာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာ ရှိခဲ့တာပါ…

ု၁၂၂။
လက်ရှိ နိုင်ငံတော် တာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များ
…………………………………………………………………
{1}သမ္မတ                  - ဦးထင်ကျော်
{2} ဒုသမ္မတ(၁)           - ဦးမြင့်ဆွေ
{3} ဒုသမ္မတ(၂)          - ဦးဟင်နရီဗန်ထီးယူ
{4} အတိုင်ပင်ခံပုဂ္ဂိုလ်  - ဒေါ်အောင်ဆန်းစုကြည်
{5}ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ။ ဦးဝင်းမြင့်
{6}အမျိုးသား ။   ။ ဥက္ကဌ       ။ ဦးမန်းဝင်းခိုင်သန်း
{7} ပြည်ထောင်စုရှေ့နေချုပ်  ။ ဦးထွန်းထွန်းဦး
{8}ကာကွယ်ရေးဦးစီးချုပ်   ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
{9} ပြည်ထောင်စု စာရင်းစစ်ချုပ်-   - ဦးမော်သန်း

၁၂၃။  ပြည်ထောင်စုဝန်ကြီးများ-
(1)နိုင်ငံခြားရေးရာဝန်ကြီး   - ဒေါ်အောင်ဆန်းစုကြည်
(2) သမ္မတရုံးဝန်ကြီး - ဒေါ်အောင်ဆန်းစုကြည်
(3) စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီး - ဦးကျော်ဝင်း
(4) ပြည်ထဲရေးဝန်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
(5) ကာကွယ်ရေးဝန်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
(6) နယ်စပ်ရေးရာဝန်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
(7)ပြန်ကြားရေးဝန်ကြီး      - ဒေါက်တာဖေမြင့်
(8) စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး - ဒေါက်တာအောင်သူ
(9) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး - ဦးအုန်းဝင်း
(10) အလုပ်သမားလူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး   - ဦးသိန်းဆွေ
(11) စက်မှုဝန်ကြီး - ဦးခင်မောင်ချို
(12) ဆောက်လုပ်ရေးဝန်ကြီး - ဦးဝင်းခိုင်
(14)သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး - သူရဦးအောင်ကို
(14)လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး -     - ဒေါက်တာဝင်းမြတ်အေး
(15) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  - ဒေါက်တာသန်းမြင့်
(16) ကျန်းမာရေးဝန်ကြီး - ဒေါက်တာမြင့်ထွေး
(17) ဟိုတယ်နှင့်ခရီးသွားဝန်ကြီး - ဦးအုန်းမောင်
(18) တိုင်းရင်းသားလူမျိုးများဝန်ကြီး - နိုင်သက်လွင်
(19) လျှပ်စစ်၊စွမ်းအင်၊စည်ပင် ၀န်ကြီး - ဦးဖေဇင်ထွန်း
(20)ပညာရေးဝန်ကြီး - ဒေါက်တာမျိုးသိမ်းကြီး
(21)ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ - ဦးလှသိန်း
(22) အခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဌ- ဦးမျိုးညွန့်
(23)နေပြည်တော်ကောင်စီ ဥက္ကဌ - ဒေါက်တာမျိုးအောင်

၁၂၄။တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ
(၁)ကချင်    - ဒေါက်တာခက်အောင်
(၂) ကယား  - ဦးအယ်လ်ဖောင်းရှို
(၃) ကရင်     - ဒေါ်နန်းခင်ထွေးမြင့်
(၄) ချင်း    - ဆလိုင်းလျန်လွယ်
(၅)ရခိုင်  -ဦးညီပု
(၆) မွန်  - ဦးမင်းမင်းဦး
(၇) ရှမ်း - ဒေါက်တာလင်းထွဋ်
(၈)စစ်ကိုင်း - ဒေါက်တာ မြင့်နိုင်
(၉) တနသာင်္ရီ - ဒေါက်တာလဲ့လဲ့မော်
(၁၀)မကွေး -  ဒေါက်တာ အောင်မိုးညို
(၁၁) မန္တလေး - ဒေါက်တာဇော်မြင့်မောင်
(၁၂) ရန်ကုန် - ဦးဖြိုးမင်းသိန်း
(၁၃) ပဲခူး - ဦးဝင်းသိန်း
(၁၄) ဧရာဝတီ - ဦးမန်းဂျော်နီ
Credit
#အထွေထွေဗဟုသုတ  @Credit@           K T Z
ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ

Wednesday, November 22, 2017

စိတ် Or အရူးစိတ်..


  • လူ့ စိတ် က ထူးဆန်းတယ် ။
  • မဖြစ်နိုင်ဘူးဆိုတာ အရာကို ပိုပြီးလုပ်ချင်တယ် ။
  • မရနိုင်ဘူး ဆိုတဲ့ အရာကို ပိုပြီး လိုချင်တယ် ။
  • မေ့ချင်ပါတယ် ဆိုတဲ့ အရာကို မေ့မရဘူး ။
  • တစ်ချို့လူတွေ နဲ့ အမှတ်တမဲ့  ဆုံခဲ့ကြ ပေမယ့် မေ့လို့မရဘူး ။
  • ပြတ်သားချင်တဲ့အရာတွေကို ပြတ်သားကြပြီးတစ်ချို့အရာတွေ မှာ သံယောဇဉ် အမျှင်တန်းနေကြတယ် ။
  • တစ်ချို့အရာတွေ မှာ မဖြစ်သင့် ၊ မဖြစ်နိုင် မှန်းသိပေမယ့် ရှေ့ ဆက် တိုးမိနေတာလည်း ဒီစိတ်ပဲ ။
  • အခါခါ မေ့ဖို့ကြိုးစားပေမယ့် အမြဲသတိရနေတာလည်း ဒီ စိတ်။
  • မဖြစ်သင့်ဘူးဆိုတဲ့ လူ အပေါ် သံယောဇဉ်တွေ ထားနေရင် ကိုယ့် စိတ်ပဲ ပင်ပန်းရတယ် ။
  • တစ်ခါတလေ မဖြစ်သင့်တဲ့ သံယောဇဉ် တွေကို လွှတ်ချခဲ့တာ ပိုကောင်းတယ် ။
  • အခါခါ မေ့ပစ်ဖို့ကြိုးစားခဲ့တယ် ၊ ဒါပေမယ့် မေ့ပစ်ဖို့ မအောင်မြင်တဲ့ ဒီ စိတ် ။
  • စိတ် စိတ် တကယ် တော့ လူ့ စိတ် မဟုတ်ဘူး မျောက်စိတ်ပါ..... 
       
 >>#rks-   22/Nov/2017
                   -05:05 AM                                              

Monday, November 20, 2017

သင်နှင့်မသက်ဆိုင်တော့သည့် မနက်ဖြန်၏ နောက်ဆုံးသတင်း


သင်နှင့်မသက်ဆိုင်တော့သည့် မနက်ဖြန်၏ နောက်ဆုံးသတင်း
မောင်လှမျိုး(ချင်းချောင်းခြံ)

PDF>>>>>DOWNLOAD<<<<<

အလွမ်းဖြင့်နိဂုံးချုပ်လိုက်သည်...


အလွမ်းဖြင့်နိဂုံးချုပ်လိုက်သည်...

မောင်လှမျိုး(ချင်းချောင်းခြံ)

PDF>>>> Download  

လွမ်းခွင့်မရှိ


မောင်လှမျိုး(ချင်းချောင်းခြံ)-လွမ်းခွင့်မရှိ

>>PDF>> Download 

မင်းကြောင့်

မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာပန်းတွေပွင့်ခဲ့ဖူးတယ်။
မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာနှင်းတွေဝေခဲ့ဖူးတယ်။
မင်းကြောင့်…့ပဲ
ငါ့ရင်ထဲမှာလေပြေတွေဆောင်ခဲ့ဖူးတယ်။
မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာအလွမ်းတွေချိုမြိန်ခဲ့ဖူးတယ်။
မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာဒဏ်ရာတွေလှပခဲ့ဖူးတယ်။
အခုလည်း
မင်းကြောင့်…
မင်းကြောင့်…ပဲ
ငါ့ရင်တွေ.............!!!!!၊

@rks-20/11/2017

သို့.. မတင်ရွှေ..

ဘယ်ကိုမှန်းမသိ တိုက်နေတဲ့
လေရူးရယ် . . .

ဘယ်မှာကြွေမှန်းမသိတဲ့
နှင်းဦးရယ် . . .

ဟူး . . .( မောတယ်)

မီးမှိန်မှိန်လင်းတဲ့ ငါ့အခန်းကျဉ်းထဲ
ရူးမိုက်မိုက် အကြံနဲ့ နင့်ကို ဘက်တိုက်
နင်မကြိုက်တဲ့ ကဗျာတွေ
ဘယ်လောက်ရေးရေး
ဆွေးလွန်းတဲ့ ငါ့ရင်ထဲမှာ
နဲနဲလေးတောင်
အလွမ်းမပြေသေးဘူးကွယ် . . .
မတင်ရွှေ...

@rks-20/11/2017-Monday-01:56am

Saturday, September 30, 2017

ခံစားတတ်ပါစေ

စာနာခံစားနိုင်စွမ်း ရှိမယ်ဆိုရင်
တစ်ဦးနဲ့ တစ်ဦးကြားမှာ 
ဘာသာစကား မလိုပါဘူး...

မောင်လှမျိုး(ချင်းချောင်းခြံ)

Saturday, September 09, 2017

The MUMMY


 အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်း ဆောင်ပါဝင်ထားတာ ဖြစ်ပြီးအ    ရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသ လဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံ ကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင် ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲ ကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အ ရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာ ရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။ အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသ မီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအ ကုန်လုံး လက်လွှတ်ရမယ့် အနေ အထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာသူ သာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ် ပူဇော်ခဲ့ပါတယ်။ မကောင်းဆိုးဝါး တစ်ယောက်လိုဖြစ်သွားတဲ့ အာ မာနက်ဟာ သူ့ခမည်းတော်နဲ့တ ကွမိသားစုအားလုံးကို သတ်ပစ်ခဲ့ ပြီး ဆက်ကိုလူသားတစ်ယောက် အသွင်ဖန်တီးဖို့အတွက် အာမာ နက်ဟာ သူ့ချစ်သူကို စတေးပစ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဖာရိုးဘု ရင်ကြီးရဲ့ ဘုန်းတော်ကြီးတွေက ဆက်ရဲ့ ဝိညာဉ်ရှိနေတဲ့ အာမာ နက်ချစ်သူ ခန္ဓာကိုယ်ကို မံမီလုပ် ခဲ့ပြီး အာမာနက် ကိုယ်ထဲက မ ကောင်းဆိုးဝါး ထွက်မလာနိုင် အောင် ဂူဘေးမှာ ပြဒါးတွေဝန်းရံ ပြီး အရှင်လတ်လတ်မြေမြှုပ်ပစ်ခဲ့ ပါတယ်။ယနေ့ခေတ်အီရတ်နိုင်ငံမြင် ကွင်းနဲ့အတူ အမေရိကန်စစ်တပ် အရာရှိ နစ်မော်တန်နဲ့ သူ့လုပ် ဖော်ကိုင်ဖက် ခရစ္စဗေးလ်တို့ဟာ အာမာနက်ရဲ့ ဂူကိုမမျှော်လင့်ဘဲ တွေ့ခဲ့ကြပါတယ်။  နစ်ရဲ့ချစ်သူ ဟောင်းရှေးဟောင်း သုတေသန ပညာရှင် ဂျန်နီဟာလ်ဆေလည်း ရောက်လာပြီး နစ်တို့တွေ့ထားတဲ့ ဂူကိုလာပြီး စူးစမ်းလေ့လာခဲ့ပါ တယ်။နောက်တော့နစ်ရဲ့ အရာရှိ ကာနယ်ကရင်းဝေးရဲ့ ညွှန်ကြား ချက်နဲ့ အာမာနက်ရဲ့အခေါင်းကို အင်္ဂလန်မှာ ဆက်လေ့လာဖို့ လေ ယာဉ်နဲ့ အင်္ဂလန်ကို သယ်ယူခဲ့ ပါတယ်။ အဲဒီလို သယ်သွားရင်း ဗေးလ်ဟာအခေါင်းထဲက ပင့်ကူ တစ်ကောင်ရဲ့ အကိုက် ခံရပြီးမှာ မကောင်းဆိုးဝါးဝင်ပူးခံ ရပြီး အာ မာနက်အခေါင်းကို ဖွင့်ဖို့ကြိုးပမ်း ပါတော့တယ်။ နောက်ထပ်ထူး ဆန်းတဲ့ကိစ္စတစ်ခုက တော့ လေ ယာဉ်ကို ကျီးအုပ်ကြီးဝင်တိုးခဲ့တဲ့ အတွက် လေယာဉ်ပျက်ကျခဲ့ပါ တယ်။ နစ်က ဂျန်နီကိုလေထီးနဲ့ လွှတ်လိုက်တဲ့အတွက် ဂျန်နီလွတ် မြောက်ခဲ့ပေမယ့် နစ်တို့ကတော့ လေယာဉ်နဲ့အတူ  ပါသွားခဲ့ပါ တယ်။ အောက်စဖို့ဒ်က ရင်ခွဲရုံကို ရောက်သွားခဲ့တဲ့နစ်ဟာ နောက် ရက်မှာ အသက်ပြန်ရှင်လာခဲ့ပြီး သူ့မိတ်ဆွေဗေးလ်ဟာ အာမာ နက်ရဲ့အစွမ်းကြောင့် မကောင်း ဆိုးဝါးအဖြစ် ပြောင်းလဲသွားတာ သိခဲ့ပါတယ်။ အဲဒီနောက်အာမာ နက်  လွတ်မြောက်သွားခဲ့ပြီး သူ့ရဲ့ အစွမ်းအစတွေနဲ့ ဒုက္ခပေးပါ တော့တယ်။အာမာနက်နဲ့နစ်၊ ဂျန်နီတို့ ထပ်တိုက်တွေ့တဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲ၊ အာမာနက် ကို ပြန်ထိန်းချုပ်နိုင်ပါ့မလားဆို တာ အက်ရှင်ပြကွက်တွေနဲ့အတူ ရင်တဖိုဖိုနဲ့ ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာ တွမ်ခရုဇ်၊ အန်နာဘဲလ်ဝေါလစ်၊ ဆိုဖီယာ ဘိုတယ်လာ၊ ဂျိတ်ဂျွန်ဆင်၊ ကော့တနီဘီဗန့်စ်စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။

   (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီးဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)  File Size : (850 MB) and (340 MB)
Quality : 720p Bluray
Running Time : 1hr 50minutes
Format : Mp4
Genre : Action, Adventure, Fantasy
Translated By Thura Zarni Aung
Encode By Thanhtike Zaw

Channel Myanmar မှ ကူးယူမျှဝယ်ပါသည်......

DOWNLOAD  - Link 1(851.98 MB) Big

DOWNLOAD  -Link 2(341.51 MB) Small

JOHN CARTER

ဂျွန်ကာတာဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ကာတာ ဟာဆိုရင် အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း
တစ်ယောက်ပေါ့ဗျာ။သူဟာ အခုချိန်မှာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အေးဆေး
စွာနေချင်တဲ့ သူတစ်ယောက်ပေါ့။သူ့ကို စစ်မှု့ပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘ၀ကို
လုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။သူဟာ အိန္ဒိယန်းလူနီတွေရဲ့ လက်က
လွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ်

သူက အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကိုရွတ်ဆိုလိုက်တဲ့အခါမှာ…..သူဟာ မေ့မျောသွားပါတယ်။
သူပြန်သတိရတဲ့ အချိန်မှာသူဟာ သူမသိတဲ့ နေရာတစ်ခုကိုရောက်တာနေတာပါ။
ခြေစုံ ထရပ်တဲ့ အခါမှာလည်း ထူးဆန်း အံ့အားသင့်စရာတွေ တွေ့ရပြန်ပါတယ်။ ထူးဆန်းတဲ့
သတ္တ၀ါတွေ မျိုးနွယ်စုတွေ နဲ့ အတူ သူဟာ ကမ္ဘာပေါ်မှာ မဟုတ်တော့ဘူးဆိုတာသိခဲ့ရပါတယ်…
ဒါဆိုသူဘယ်ရောက်နေတာလဲ….. သူရောက်နေတဲ့ နေရာ မျိုးနွယ်စုတွေ ရဲ့ အရှုပ်အထွေး ကြား
ထဲမှာ ညှပ်ပါရင်း သူတို့ ကြားထဲမှာ လူထူးဆန်းဖြစ်နေတဲ့ ကာတာ တစ်ယောက် အရှုပ်အထွေးတွေကို
ရင်ဆိုင် ရပါတော့မယ်။ အိမ်ကိုချစ်တဲ့ စစ်သားကြီး ကာတာ တစ်ယောက် ရွှေကို ချစ်တဲ့ ကာတာ တစ်ယောက်
အိမ်ရောက်အောင်ဘယ်လိုပြန်မလဲ ….. ပြန်ကောပြန်ချင်သေးရဲ့ လား ဘာကြောင့်လဲ ဆိုတာတွေကို
စိတ်ဝင်စားဖွယ် မြင်ကွင်းများနဲ့ ကြည့်ရှု့ရမှာပါ။




File Size : (800 MB) and (460 MB)
Quality : 720p Bluray
Running Time : 2h 12min
Format : Mp4
Genre : Action, Adventure, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated By Gurelia
 Encode By Tariq L Walker

Channel Myanmar မှ ကူးယူမျှဝယ်ပါသည်......


 DOWNLOAD




Wednesday, September 06, 2017

Android Version 6.0 အထက် ဖုန်းများအတွက် Myanmar Font AIO Tool

Android Versions- 6.0 
အထက်ဖုန်းများအတွက် မြန်မာဖောင့် 

ဖုန်းတွေမှာ Root မလိုပဲ Myanmar Font ထည့်သွင်းနိုင်မည့် MST Myanmar Font Aio Toolလေးပါ

လိုချင်သူများ အောက်မှာ Free ဒေါင်းယူနိုင်ပါတယ်..




အသုံးပြုနည်းFont Install လုပ်နည်း


Huawei
.............
ဖုန်းကို USB Debugging နဲ့ Unknow Source တို့ on ပေးပြီး Tool နဲ့ချိတ်ဆက်ပေးလိုက်ပါ။
Huawei Button ကိုနှိပ်ပေးလိုက်ပါ။ လိုအပ်တဲ့ apk ကို install ပြုလုပ်ပေးသွားပါမယ်။ ဖုန်းထဲမှာ
Huawei font apk လေးပေါ်လာပါပြီ။ apk ထဲဝင်ကာ ကိုယ်ကြိုက်တဲ့ Theme ကိုရွေးချယ်ပြီး Apply ပြုလုပ်ပါ။
ဖုန်းက Reboot တောင်းရင် ချပေးလိုက်ပါ။ Home Screen ကိုပြန်ရောက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ
မြန်မာစာ အဆင်ပြေပါပြီ။



Samsung
................
Samsung ဖုန်းများအတွက်ကတော့ Font Change နည်းနှစ်မျိုးပါ။ အရင်ဆုံးဖုန်းကို USB Debugging နဲ့
Unknow Source တို့ on ပေးပြီး Tool နဲ့ချိတ်ဆက်ပေးလိုက်ပါ။ှSamsung Button ကိုနှိပ်ပေးလိုက်ပါ။
လိုအပ်တဲ့ apk များကို install ပြုလုပ်ပေးသွားပါမယ်။
အရင်ဆုံး v5 နဲ့အောက်တွေမှာကတော့ Display >>
 Font ထဲကနေ၀င်ရောက်ပြီး Zawgyi Font ကိုရွေးချယ်
ပြီး မြန်မာစာကို အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။V5 အထက်တွေမှာလဲSetting ထဲက Language and input ထဲက language မှာ English(ZG) ဖြစ်နေတယ်ဆိုရင်အားလုံးအိုကေသွားပါပြီ။



Oppo
...........
Oppo ဖုန်းတွေအတွက်ကတော့ လွယ်ကူပါတယ်။ USB Debugging နဲ့
Unknow Source တို့ on ပေးပြီး Tool နဲ့ချိတ်ဆက်ပေးလိုက်ပါ။ Oppo Button ကိုနှိပ်ပါ။
လိုအပ်တဲ့ apk ကို install ပြုလုပ်ပေးပါလိမ့်ယ်။ apk တွေ install တာပြီးရင်တော့ Font ထဲကနေ၀င်ရောက်ပြီး
Zawgyi Font ကိုရွေးချယ်ပြီး မြန်မာစာကို အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။


Xiaomi
...........
ဖုန်းကို USB Debugging နဲ့ Unknow Source တို့ on ပေးပြီး Tool နဲ့ချိတ်ဆက်ပေးလိုက်ပါ။
Xiaomi Button ကိုနှိပ်ပေးလိုက်ပါ။ လိုအပ်တဲ့ apk ကို install ပြုလုပ်ပေးသွားပါမယ်။ ဖုန်းမှာ TTA apk
လေးတွေ့ရပါမယ်။ TTA apk ထဲဝင်ကာကြိုက်နှစ်သက်ရာ ဖောင့်ဒီဇိုင်းကိုရွေးချယ်ကာ Apply ပြုလုပ်ကာ
Reboot ချပေးလိုက်ပါ။ Home Screen ပြန်ရောက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ မြန်မာစာလေးကို
အဆင်ပြေပြေမြင်တွေ့ရပါပြီ။



Asus
.........
ဖုန်းကို USB Debugging နဲ့ Unknow Source တို့ on ပေးပြီး Tool နဲ့ချိတ်ဆက်ပေးလိုက်ပါ။
ASUS Button ကိုနှိပ်ပေးလိုက်ပါ။ လိုအပ်တဲ့ apk ကို install ပြုလုပ်ပေးသွားပါမယ်။ apk တွေ install တာပြီးရင်တော့
Font ထဲကနေ၀င်ရောက်ပြီး Zawgyi Font ကိုရွေးချယ်ပြီး မြန်မာစာကို အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။


Lenovo
............
ဖုန်းကို USB Debugging နဲ့ Unknow Source တို့ on ပေးပြီး Tool နဲ့ချိတ်ဆက်ပေးလိုက်ပါ။
Lenovo Button ကိုနှိပ်ပေးလိုက်ပါ။ လိုအပ်တဲ့ apk ကို install ပြုလုပ်ပေးသွားပါမယ်။ apk တွေ install တာပြီးရင်တော့
Font ထဲကနေ၀င်ရောက်ပြီး NotosanMyanmar Font ကိုရွေးချယ်ပြီး မြန်မာစာကို
 အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။


Created By - MST YGN & KO HTOO

Credit to :: All Developer

apk အတွက်
Password - MSTYGN

Link-1


အားလုံးအဆင်ပြေကြပါစေ..

အာကာစိုး မှ ပြန်လည်မျှဝယ်ခြင်းသာဖြစ်ပါသည်....

အောက်မှာ ဖောင့်ထည့်နည်း


Friday, September 01, 2017

ချစ်ခြင်း


ကမ္ဘာပေါ်သို့ ပြန်ကျခြင်း

အကျနာတယ်

မီးတောက်မီးလျှံတွေနဲ့

ဘ၀တောင် တစ်ပိုင်းတစ်စ ပွန်းပဲ့သွားပေါ့


ချစ်ခြင်းမေတ္တာသာမရှိရင်

ငါ့ဘ၀လည်း စုတ်ပြတ်သွားလောက်တယ်

ဖိအား ဖိအား ဖိအားပြီးတော့ဖိအား

ဆင်ခြင်တုံတရားမဲ့ခြင်းက

ငါ့ကို .. ကမ္ဘာမြေနဲ့ လွှဲချော်စေခဲ့…


ငရဲမှာမှ

ငါ .. သတိပြန်လည်ခဲ့ပေါ့..။ ။

အပြောင်းအလဲ

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်းမြချောင်းရေကြော၊ ပန်းကြွေမျှောမိကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာစိတ်ကူးနုသစ်ခဲ့ဖူးတယ်။ခင်ကပစ်တော့ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာလွမ်းစိတ်ရာထောင် ဝေဖူးတယ်။ခင်မကြင်တော့ညင်ညင်ရေစီး၊ တမ်းတညည်းဟန်ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိကြည့်လေရာရာ၊ ဝေဒနာနှင့်ရေပြာအလှ ကင်းဖူးတယ်။ဩော်… နှစ်တွေကြာလို့တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်ဒီသစ်ပင်ကား၊ ချောင်းရေစား၍ကမ်းပါးပြိုနောက် ပါလေပြီ…။ဒီကပြန်လျှင်၊ ရင်မခုန်တတ်မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရအနည်ကျပြီ…ဘ၀ဆိုတာ… ဒါပဲ ခင်…    ။

မောင်စိန်ဝင်း(ပုတီးကုန်း)

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

မောင်စိန်ဝင်း(ပုတီးကုန်း)

ချစ်သူသစ်ပင်

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။

မောင်စိန်ဝင်း(ပုတီးကုန်း)

အချစ်ဦး

တစ်သက်တစ်ခါ 
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် 
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ 
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ 
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့ 
ပန်းခြောက်လေးပဲမြတ်နိုးမယ်။

        မောင်စိန်ဝင်း(ပုတီးကုန်း)

Wednesday, August 09, 2017

ကိုယ်ရေးကိုယ်တာ စာမေးပွဲ



အဲဒီစာအုပ်က

သူ့ကိုယ်သူကဒ်ထူအကျီ င်္နဲ့ပြန်ချုပ်တယ်

အဘိဓာန် နည်းနည်းလုပ်မလို့ ..တဲ့။


စီးကရက်ကပြောတယ်

သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ

တံတွေးနဲ့ လာမကပ်ပါနဲ့ ..တဲ့

(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)


ဖိနပ်က

လှေကားခြေရင်းမှာ ရပ်တယ်

သူ့အမေက

အလှူအိမ်တွေဖက် မသွားဖို့ မှာလိုက်တယ်။


တီ … တီ …တီ

နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ

မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး

ဆိုးလိုက်တာ။


ဂေါက်သီးရိုက်တံကလည်း

မြေကြီး ထရံမှာ သူ့ကိုချိတ်ထားလိုက်ပါ တဲ့

“ ကျင်း” တွေကို နာခံရတာ “ကျဉ်း ” တယ်ဆိုပဲ ..


ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့

ဖော့ဆို့လို

ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ


အဲဒီမှာ

ခင်ဗျားအတွက် ခြေကြွခ

လျှောက်ပြလိုက်စမ်းပါ

ဆင်မ ယဉ်သာ ..


တာရာမင်းဝေ

ငါ့ရဲ့ သဲကန္တာရမှတ်စု



ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် (၃၀) ကျော်ချိန်မှာ တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ် ..



ဘယ်လို နှင်းရာသီမျိုးကျမှ .. မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင် နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို ငါ .. အော်ခေါ်နေမိတယ်။


တချို့အလွမ်းတွေက တော်ရုံတန်ရုံ ဒိုရေမီဖာ နဲ့ မရဘူး
တခြားကဗျာဆရာတွေလိုလည်း ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုကိုယ် မိုးကလေးညိုလိုက်ပြီး ပြန်ဆင်ခြင်တယ် ..
သေချာတယ် ကောင်မလေးရယ် ..ခိုက်ခိုက်တုန်အောင် လွမ်းတယ် ..။


အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ ပြားလျားပြီး လာရပ်မနေဘူး
တကယ်တော့ ဘာမှမရှိဘူး .. ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ .. ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်း နစ်မြုပ်ဖို့
(မှတ်မှတ်ရရကြီး ..) ဖေဖော်ဝါရီ ၂၉ ကို ငါ့ ဓားကောက်နဲ့ ထစ်လိုက်တယ်. ..။ ။


တာရာမင်းဝေ

Saturday, January 14, 2017

အီး and အချစ်

အိမ်သာထဲက   ဒသန များ😜😜😜
* အိမ်သာထဲဝင်တိုင်း
အင်အင်း ပါတယ်လို့  မထင်နဲ့
ရင်ဘတ်ထဲဝင်တိုင်းလည်း
အချစ်လို့  မထင်နဲ့ *

*ဘာလဲ - အချစ် ?
ပေါက်လိုက်တဲ့  အီး ကတောင်
သစ္စာပိုရှိတယ်
ဘယ်မှ  ထွက်မသွားခင်
ကိုယ့်နှာခေါင်းကို  အရင် လာနှုတ်ဆက်သေးတယ်*

*အစာဟောင်းလည်း  ဗိုက်ထဲ မထားနဲ့
အဆက်ဟောင်းလည်း  ရင်ထဲ မထားနဲ့*

*ဘူခနဲမြည်တိုင်း   နံတယ်  မထင်နဲ့
အသံမမြည်ပဲလည်း   နံဟောင်နေတတ်တယ်
ဖွင့်ပြောမှ  ချစ်တယ်လို့  မထင်ပါနဲ့
ဖွင့်မပြောတဲ့အချစ်တွေကလည်း  သစ္စာရှိတတ်ပါတယ်*

*ချစ်သူက ( ကို ) ဆို  ကိုက ( သဲ ) ပြီးသား
ချစ်သူက  စို ဆိုရင်  ကိုက ရွှဲပြီးသား
ချစ်သူက ညို  ဆိုရင်  ကိုက  မဲ ပြီးသား
ချစ်သူက  နီ ဆိုရင်  ကိုက  ရဲ  ပြီးသား
ချစ်သူက  မောင် ဆိုရင်  ကိုက ဟောင်ပြီးသား
ချစ်သူက  ဘူ  ဆို  ကိုက  ရှူပြီးသား *

* ချာတိတ်
အိမ်သာထဲမှာ  ဖုန်းကြည့်ချင်ကြည့်
ရင်ဘတ်ထဲတော့  အမုန်းမရှိစေနဲ့   *

* အချစ်ဆိုတာ ခန့်မှန်းရခက်တဲ့ ( အင်အင်း ) လိုပဲ
တခါတခါ  မနည်းကို ညစ်ထုတ်ရတယ်
တခါတခါ  တရစပ်ကို  ကျလာပြန်ရော  *

* အချစ်ဆိုတာ
ဘဝမှာ  မရှိမဖြစ်  လိုအပ်တဲ့  အိမ်သာတစ်ခု
လူတိုင်း  အသုံးမပြုဖူးသူ  မရှိဘူး  *

* အချစ်ကို ဖွင့်မပြောရဲသူတွေဟာ
အိမ်သာတက်ချင်တာကို  အိမ်သာ  လူမအားသလိုပဲ
တိတ်တခိုးဝေဒနာ  အတော်  ခံရခက်ပါတယ် *

* နှင်းဆီရေ
ပင်ယံမှာဆိုပြီး  ဘဝင်  မထန်ပါနဲ့
အိမ်သာတက်ရင်တော့
လူတိုင်း ဖင်လှန်ရတာပါပဲ
အမြင်မှန်  ရစမ်းပါ *

* ပါတာက  ဖင်
နံတာက  နှာခေါင်း
မဆီမဆိုင်  လက်က ဆေးရသေး

ချစ်တာက  နှလုံးသား
အောင့်လာတာက ရင်ဘတ်
မဆီမဆိုင်  မျက်လုံးက  မျက်ရည်ကျရသေး *

* သစ္စာမရှိတဲ့ သူကို  ချစ်မိတာ
ရေမရှိတဲ့  အိမ်သာမှာ  ပါချလိုက်သလိုပဲ
ထိုင်ရခက်  ထ ရ ခက် *

* တစ်သျှူးချင်း အတူတူ
အနေမတတ်တဲ့  တစ်သျှူးက
အင်အင်း ပေတယ်
နှလုံးသားချင်း အတူတူ
မနေတတ်တဲ့  နှလုံးသားက
အသဲကွဲတယ် *

* မျက်နာများတဲ့သူဟာ
တန်ဖိုးမဲ့တဲ့ 
အများသုံး ဈေးအိမ်သာ လိုပဲ *

* တွေ့ကရာ  မစားနဲ့ - ဝမ်းပျက်မယ်
တွေ့ကရာ  မချစ်နဲ့ -  လွမ်းတတ်တယ် *

~~~~~~
Crd
ကမ္ဘာကျော် အတွေးသမား
နွေဦးမောင်မောင်(မန်း) - အီး မေဂျာ  :P