Recent Posts

Monday, September 06, 2021

STILLWATER 2021


ဒီတစ်ခါတော့ မင်းသားကြီး Matt Damonရဲ့ အသစ်ထွက်ထားတဲ့ Crime, Drama, Thriller အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဘီလ်ရဲ့သမီးဖြစ်သူ အယ်လီဆန်ဟာအမေရိကန်ကနေ ပြင်သစ်နိုင်ငံမှာ ကျောင်းသွားတက်ပါတယ်။ အဲဒီမှာကျောင်းတက်ရင်း သူ့သူငယ်ချင်းလီနာအသတ်ခံရမှုမှာ သံသယတရားခံဖြစ်ပြီး ထောင်ကျသွားပါတယ်။ ဒါပေမဲ့ ဘီလ်တစ်ယောက် သူ့သမီးနဲ့ထောင်ဝင်စာသွားတွေ့ချိန်မှာတော့ အယ်လီဆန်တစ်ယောက် မတရားစွပ်စွဲခံရပြီး ထောင်ကျနေမှန်းသိလာရပါတော့တယ်။ ဒါကြောင့်သူ့သမီးထောင်ကလွတ်ဖို့အရေး သူကိုယ်တိုင်ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ ပြင်သစ်စကားတောင်မတတ်ဘဲနဲ့ သံသယရှိတဲ့လူနောက်ကိုလိုက်ရတာ ထင်သလောက်မလွယ်ပါဘူး။ အခက်အခဲတွေ အန္တရာယ်တွေ အများကြီးကြုံရပါတယ်။ တိုင်းတပါးသားဆိုပြီး အနိုင်ကျင့်ခံရတာတွေ၊ လူမျိုးရေးခွဲခြားသူတွေနဲ့ ကြုံတွေ့ရသလိုပဲ သူ့အပေါ်နားလည်ပြီး အကူအညီပေးတဲ့လူတွေနဲ့လည်း သူသိကျွမ်းခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ အခက်အခဲတွေမျိုးစုံကြားကနေ တကယ့်လူသတ်သမားကို သူရှာဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။

ဘဝဆိုတာက အမြဲတမ်းမှန်နေတာမဟုတ်သလို လက်တွေ့ဘဝမှာ ဘယ်သူမှန်ပြီး ဘယ်သူမှားလဲဆိုတာ အဖြူနဲ့အမဲလိုမျိုး ရှင်းရှင်းသိနိုင်ဖို့မလွယ်ပါဘူး။ ဘဝကြီးကကြမ်းတမ်းပါတယ်ဆိုတဲ့ စကားအတိုင်း ဘဝကြမ်းကြမ်းထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရုန်းကန်ရပုံကို ကြည့်ရမယ့်ကားကောင်းလေးပါပဲ။

Format……….: .mp4 & .mkv
Quality………..: Web-DL
Resolution….: 4K, 1080p 5.1CH, 720p, 480p
Duration……..: 2h 19min
Translator…..: Cyanide

Movie 👉 Download Here👈
File size- 513mb

Credit--MMSUB