Recent Posts

Friday, September 01, 2017

ချစ်ခြင်း


ကမ္ဘာပေါ်သို့ ပြန်ကျခြင်း

အကျနာတယ်

မီးတောက်မီးလျှံတွေနဲ့

ဘ၀တောင် တစ်ပိုင်းတစ်စ ပွန်းပဲ့သွားပေါ့


ချစ်ခြင်းမေတ္တာသာမရှိရင်

ငါ့ဘ၀လည်း စုတ်ပြတ်သွားလောက်တယ်

ဖိအား ဖိအား ဖိအားပြီးတော့ဖိအား

ဆင်ခြင်တုံတရားမဲ့ခြင်းက

ငါ့ကို .. ကမ္ဘာမြေနဲ့ လွှဲချော်စေခဲ့…


ငရဲမှာမှ

ငါ .. သတိပြန်လည်ခဲ့ပေါ့..။ ။

No comments:

Post a Comment