Recent Posts

Monday, July 04, 2016

အဖြေရှာ၍ မရသေးပါ………

ပျော်သလိုသာနေပါဆိုပေမဲ့

ရင်မှာမပျော်တာကိုတော့ ဘယ်သူသိနိုင်မှာလ

တော်ရာမှာသာ နေပါဆိုပေမဲ့

တော်ရာဆိုတာ တကယ်မရှိတာ

ဘယ်သူသိနိုင်မှာလည်း

တကယ်ဆိုရင်ဆိုတဲ့စကား

နှုတ်ဖျားက ထွက်လာတာလွယ်ပေမယ့်

ခံစားတတ်တဲ့ စိတ်အစဉ်မှာတော့

ပြောပြီးပျောက်ပျောက်

ဆိုပြီး ပျောက်ပျောက် မဟုတ်လေတော့

ဘာတွေကို ဘယ်လို…

ဘယ်သူ့ကို ဘယ်အတွက်ကြောင့်…

ဘာတွေကို ငါလုပ်ရပါတော့မလဲ?

                                       R Kar Soe(Cheduba)

No comments:

Post a Comment