Recent Posts

Wednesday, August 09, 2017

ကိုယ်ရေးကိုယ်တာ စာမေးပွဲ



အဲဒီစာအုပ်က

သူ့ကိုယ်သူကဒ်ထူအကျီ င်္နဲ့ပြန်ချုပ်တယ်

အဘိဓာန် နည်းနည်းလုပ်မလို့ ..တဲ့။


စီးကရက်ကပြောတယ်

သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ

တံတွေးနဲ့ လာမကပ်ပါနဲ့ ..တဲ့

(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)


ဖိနပ်က

လှေကားခြေရင်းမှာ ရပ်တယ်

သူ့အမေက

အလှူအိမ်တွေဖက် မသွားဖို့ မှာလိုက်တယ်။


တီ … တီ …တီ

နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ

မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး

ဆိုးလိုက်တာ။


ဂေါက်သီးရိုက်တံကလည်း

မြေကြီး ထရံမှာ သူ့ကိုချိတ်ထားလိုက်ပါ တဲ့

“ ကျင်း” တွေကို နာခံရတာ “ကျဉ်း ” တယ်ဆိုပဲ ..


ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့

ဖော့ဆို့လို

ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ


အဲဒီမှာ

ခင်ဗျားအတွက် ခြေကြွခ

လျှောက်ပြလိုက်စမ်းပါ

ဆင်မ ယဉ်သာ ..


တာရာမင်းဝေ

ငါ့ရဲ့ သဲကန္တာရမှတ်စု



ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် (၃၀) ကျော်ချိန်မှာ တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ် ..



ဘယ်လို နှင်းရာသီမျိုးကျမှ .. မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင် နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို ငါ .. အော်ခေါ်နေမိတယ်။


တချို့အလွမ်းတွေက တော်ရုံတန်ရုံ ဒိုရေမီဖာ နဲ့ မရဘူး
တခြားကဗျာဆရာတွေလိုလည်း ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုကိုယ် မိုးကလေးညိုလိုက်ပြီး ပြန်ဆင်ခြင်တယ် ..
သေချာတယ် ကောင်မလေးရယ် ..ခိုက်ခိုက်တုန်အောင် လွမ်းတယ် ..။


အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ ပြားလျားပြီး လာရပ်မနေဘူး
တကယ်တော့ ဘာမှမရှိဘူး .. ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ .. ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်း နစ်မြုပ်ဖို့
(မှတ်မှတ်ရရကြီး ..) ဖေဖော်ဝါရီ ၂၉ ကို ငါ့ ဓားကောက်နဲ့ ထစ်လိုက်တယ်. ..။ ။


တာရာမင်းဝေ

Saturday, January 14, 2017

အီး and အချစ်

အိမ်သာထဲက   ဒသန များ😜😜😜
* အိမ်သာထဲဝင်တိုင်း
အင်အင်း ပါတယ်လို့  မထင်နဲ့
ရင်ဘတ်ထဲဝင်တိုင်းလည်း
အချစ်လို့  မထင်နဲ့ *

*ဘာလဲ - အချစ် ?
ပေါက်လိုက်တဲ့  အီး ကတောင်
သစ္စာပိုရှိတယ်
ဘယ်မှ  ထွက်မသွားခင်
ကိုယ့်နှာခေါင်းကို  အရင် လာနှုတ်ဆက်သေးတယ်*

*အစာဟောင်းလည်း  ဗိုက်ထဲ မထားနဲ့
အဆက်ဟောင်းလည်း  ရင်ထဲ မထားနဲ့*

*ဘူခနဲမြည်တိုင်း   နံတယ်  မထင်နဲ့
အသံမမြည်ပဲလည်း   နံဟောင်နေတတ်တယ်
ဖွင့်ပြောမှ  ချစ်တယ်လို့  မထင်ပါနဲ့
ဖွင့်မပြောတဲ့အချစ်တွေကလည်း  သစ္စာရှိတတ်ပါတယ်*

*ချစ်သူက ( ကို ) ဆို  ကိုက ( သဲ ) ပြီးသား
ချစ်သူက  စို ဆိုရင်  ကိုက ရွှဲပြီးသား
ချစ်သူက ညို  ဆိုရင်  ကိုက  မဲ ပြီးသား
ချစ်သူက  နီ ဆိုရင်  ကိုက  ရဲ  ပြီးသား
ချစ်သူက  မောင် ဆိုရင်  ကိုက ဟောင်ပြီးသား
ချစ်သူက  ဘူ  ဆို  ကိုက  ရှူပြီးသား *

* ချာတိတ်
အိမ်သာထဲမှာ  ဖုန်းကြည့်ချင်ကြည့်
ရင်ဘတ်ထဲတော့  အမုန်းမရှိစေနဲ့   *

* အချစ်ဆိုတာ ခန့်မှန်းရခက်တဲ့ ( အင်အင်း ) လိုပဲ
တခါတခါ  မနည်းကို ညစ်ထုတ်ရတယ်
တခါတခါ  တရစပ်ကို  ကျလာပြန်ရော  *

* အချစ်ဆိုတာ
ဘဝမှာ  မရှိမဖြစ်  လိုအပ်တဲ့  အိမ်သာတစ်ခု
လူတိုင်း  အသုံးမပြုဖူးသူ  မရှိဘူး  *

* အချစ်ကို ဖွင့်မပြောရဲသူတွေဟာ
အိမ်သာတက်ချင်တာကို  အိမ်သာ  လူမအားသလိုပဲ
တိတ်တခိုးဝေဒနာ  အတော်  ခံရခက်ပါတယ် *

* နှင်းဆီရေ
ပင်ယံမှာဆိုပြီး  ဘဝင်  မထန်ပါနဲ့
အိမ်သာတက်ရင်တော့
လူတိုင်း ဖင်လှန်ရတာပါပဲ
အမြင်မှန်  ရစမ်းပါ *

* ပါတာက  ဖင်
နံတာက  နှာခေါင်း
မဆီမဆိုင်  လက်က ဆေးရသေး

ချစ်တာက  နှလုံးသား
အောင့်လာတာက ရင်ဘတ်
မဆီမဆိုင်  မျက်လုံးက  မျက်ရည်ကျရသေး *

* သစ္စာမရှိတဲ့ သူကို  ချစ်မိတာ
ရေမရှိတဲ့  အိမ်သာမှာ  ပါချလိုက်သလိုပဲ
ထိုင်ရခက်  ထ ရ ခက် *

* တစ်သျှူးချင်း အတူတူ
အနေမတတ်တဲ့  တစ်သျှူးက
အင်အင်း ပေတယ်
နှလုံးသားချင်း အတူတူ
မနေတတ်တဲ့  နှလုံးသားက
အသဲကွဲတယ် *

* မျက်နာများတဲ့သူဟာ
တန်ဖိုးမဲ့တဲ့ 
အများသုံး ဈေးအိမ်သာ လိုပဲ *

* တွေ့ကရာ  မစားနဲ့ - ဝမ်းပျက်မယ်
တွေ့ကရာ  မချစ်နဲ့ -  လွမ်းတတ်တယ် *

~~~~~~
Crd
ကမ္ဘာကျော် အတွေးသမား
နွေဦးမောင်မောင်(မန်း) - အီး မေဂျာ  :P

Tuesday, December 27, 2016

စိတ်ကူး

ချစ်သူ လျှောက်ချင်တယ် ဖြောင့်တန်းတဲ့
ေုဖာင့်တန်းတဲ့ ခရီးလမ်းတစ်ခု😂

Saturday, December 10, 2016

သူမအတွက်…………

သူမအတွက်​​ရေး​တဲ့ သူရဲ့စာအုပ်

# သူမအတွက်​​ရေးတဲ့ သူ့ရဲ့စာအုပ်​ #

စကားလုံး​တွေအကုန်​ ရင်​နဲ့ခြုံပြီးပိတ်​ထားခဲ့တဲ့ စာအုပ်​ကိုမှ ဘာသာပြန်​မိခဲ့တယ်
သက်​ဆိုင်​သူသို့....ဆိုတဲ့ အဖုံးနဲ့တင်
ဆက်​မဖတ်​သင့်​တဲ့ စာအုပ်
မသက်​ဆိုင်​တဲ့...ငါ့မှာ
တစ်​ရွက်​ခြင်းလှန်
တစ်​​ကြောင်းချင်းဖတ်
လေး​လေးနက်​နက်​​တွေး
စူးစူးနစ်​နစ်​ခံစား
ဘာသာစကားချင်း အတူတူ
နားလည်​မှူက ​ဝေး​ဝေးလာတာမျိုး
ရင်​နဲ့​ရေးလို့ ရင်​နဲ့ဖတ်​ရှုခံစားခဲ့ပါတယ်
ဘာသာစကားချင်းအတူတူ ရင်​ခုန်​သံလားရာမတူခဲ့
ဖတ်​မိလက်​စ စာအုပ်​မှာ
ဇာတ်​သိမ်းလှလှ မ​ရောက်​မချင်း
ပိတ်​ရမှာလဲ ခက်
ဖတ်​ရမှာလဲ ခက်​....။

Sat-Dec-2016
                       Local-22:00pm

Tuesday, December 06, 2016

" အပြာရောင်တမ်းချင်း(၂)"

အပြာရောင်လေးရေ

ငါ့အိပ်မက်အသေတွေ ကျဲဖြန့်ထားတဲ့ 
 

အိမ်ရှေ့နားက
 

ခပ်နွမ်းနွမ်းမနက်တွေထဲမှာ

ငါလှမ်းစရာ လမ်းပျောက်နေသလိုပဲ ....။
 

မရေမရာ မျှောင်လင့်ချက်တွေကို 
 

ထုတ်ကြည့်ရဖန်များလာတော့
 

ငါ့ဝိညာဉ်ကို ငါ ရှက်လာသလို အားနာလာသလိုပဲ
 

ငါသူ့ကိုတော့မေးကြည့်လိုက်ပါတယ်
 

" ငါ ရူးနေပီလား" လို့
 

ဒါပေမဲ့ 
 

တကယ့်မရဲတရဲလေးရယ်ပါ ...။
 

ဟိုးအရင်တုန်းက
 

ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လျှောက်နေတဲ့
 

ငါ့လမ်းတွေပေါ်မှာ 
 

အပြာရောင်မိုးတွေ ရုတ်တရက်ကြီး ရွာချတယ်
 

သစ်ခွတွေရနဲ့မပြယ်ခင် သစ်ရွက်တွေမညှိုးနွမ်းခင်
 

သဲသဲမဲမဲပေါ့ .... ။
 

ဘာမှမဖြစ်ပါဘူးဆိုပီး ဆက်လျှောက်ခဲ့ပေမဲ့
 

တကိုယ်လုံးရွှဲရွှဲစိုလာမှ ပြန်ငုံကြည့်တော့
 

ငါ့မှာ ရင်ဘတ်မရှိတော့ဘူး
 

အခု
 

ငါ့ကိုယ်ငါပါပျောက်ဆုံးနေတယ် ... ။
 

အပြာရောင်လေးရေ
 

ငါ အခုချိန်အထိ မိုးမိနေတုန်းပါပဲ
 

ဒါပေမဲ့
 

တယောက်ယောက်အတွက်
 

တခုခုအတွက်
 

ဒါမှမဟုတ်ရင်လဲ 
 

ဘာမှမဟုတ်တာအတွက်
 

မနက်ဖြန်ကစပီး ငါ တခုခုလုပ်ရတော့မယ် ...။