Recent Posts

Wednesday, November 22, 2017

စိတ် Or အရူးစိတ်..


  • လူ့ စိတ် က ထူးဆန်းတယ် ။
  • မဖြစ်နိုင်ဘူးဆိုတာ အရာကို ပိုပြီးလုပ်ချင်တယ် ။
  • မရနိုင်ဘူး ဆိုတဲ့ အရာကို ပိုပြီး လိုချင်တယ် ။
  • မေ့ချင်ပါတယ် ဆိုတဲ့ အရာကို မေ့မရဘူး ။
  • တစ်ချို့လူတွေ နဲ့ အမှတ်တမဲ့  ဆုံခဲ့ကြ ပေမယ့် မေ့လို့မရဘူး ။
  • ပြတ်သားချင်တဲ့အရာတွေကို ပြတ်သားကြပြီးတစ်ချို့အရာတွေ မှာ သံယောဇဉ် အမျှင်တန်းနေကြတယ် ။
  • တစ်ချို့အရာတွေ မှာ မဖြစ်သင့် ၊ မဖြစ်နိုင် မှန်းသိပေမယ့် ရှေ့ ဆက် တိုးမိနေတာလည်း ဒီစိတ်ပဲ ။
  • အခါခါ မေ့ဖို့ကြိုးစားပေမယ့် အမြဲသတိရနေတာလည်း ဒီ စိတ်။
  • မဖြစ်သင့်ဘူးဆိုတဲ့ လူ အပေါ် သံယောဇဉ်တွေ ထားနေရင် ကိုယ့် စိတ်ပဲ ပင်ပန်းရတယ် ။
  • တစ်ခါတလေ မဖြစ်သင့်တဲ့ သံယောဇဉ် တွေကို လွှတ်ချခဲ့တာ ပိုကောင်းတယ် ။
  • အခါခါ မေ့ပစ်ဖို့ကြိုးစားခဲ့တယ် ၊ ဒါပေမယ့် မေ့ပစ်ဖို့ မအောင်မြင်တဲ့ ဒီ စိတ် ။
  • စိတ် စိတ် တကယ် တော့ လူ့ စိတ် မဟုတ်ဘူး မျောက်စိတ်ပါ..... 
       
 >>#rks-   22/Nov/2017
                   -05:05 AM                                              

Monday, November 20, 2017

သင်နှင့်မသက်ဆိုင်တော့သည့် မနက်ဖြန်၏ နောက်ဆုံးသတင်း


သင်နှင့်မသက်ဆိုင်တော့သည့် မနက်ဖြန်၏ နောက်ဆုံးသတင်း
မောင်လှမျိုး(ချင်းချောင်းခြံ)

PDF>>>>>DOWNLOAD<<<<<

အလွမ်းဖြင့်နိဂုံးချုပ်လိုက်သည်...


အလွမ်းဖြင့်နိဂုံးချုပ်လိုက်သည်...

မောင်လှမျိုး(ချင်းချောင်းခြံ)

PDF>>>> Download  

လွမ်းခွင့်မရှိ


မောင်လှမျိုး(ချင်းချောင်းခြံ)-လွမ်းခွင့်မရှိ

>>PDF>> Download 

မင်းကြောင့်

မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာပန်းတွေပွင့်ခဲ့ဖူးတယ်။
မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာနှင်းတွေဝေခဲ့ဖူးတယ်။
မင်းကြောင့်…့ပဲ
ငါ့ရင်ထဲမှာလေပြေတွေဆောင်ခဲ့ဖူးတယ်။
မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာအလွမ်းတွေချိုမြိန်ခဲ့ဖူးတယ်။
မင်းကြောင့်…ပဲ
ငါ့ရင်ထဲမှာဒဏ်ရာတွေလှပခဲ့ဖူးတယ်။
အခုလည်း
မင်းကြောင့်…
မင်းကြောင့်…ပဲ
ငါ့ရင်တွေ.............!!!!!၊

@rks-20/11/2017

သို့.. မတင်ရွှေ..

ဘယ်ကိုမှန်းမသိ တိုက်နေတဲ့
လေရူးရယ် . . .

ဘယ်မှာကြွေမှန်းမသိတဲ့
နှင်းဦးရယ် . . .

ဟူး . . .( မောတယ်)

မီးမှိန်မှိန်လင်းတဲ့ ငါ့အခန်းကျဉ်းထဲ
ရူးမိုက်မိုက် အကြံနဲ့ နင့်ကို ဘက်တိုက်
နင်မကြိုက်တဲ့ ကဗျာတွေ
ဘယ်လောက်ရေးရေး
ဆွေးလွန်းတဲ့ ငါ့ရင်ထဲမှာ
နဲနဲလေးတောင်
အလွမ်းမပြေသေးဘူးကွယ် . . .
မတင်ရွှေ...

@rks-20/11/2017-Monday-01:56am

Saturday, September 30, 2017

ခံစားတတ်ပါစေ

စာနာခံစားနိုင်စွမ်း ရှိမယ်ဆိုရင်
တစ်ဦးနဲ့ တစ်ဦးကြားမှာ 
ဘာသာစကား မလိုပါဘူး...

မောင်လှမျိုး(ချင်းချောင်းခြံ)