Recent Posts

Friday, September 01, 2017

အပြောင်းအလဲ

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်းမြချောင်းရေကြော၊ ပန်းကြွေမျှောမိကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာစိတ်ကူးနုသစ်ခဲ့ဖူးတယ်။ခင်ကပစ်တော့ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာလွမ်းစိတ်ရာထောင် ဝေဖူးတယ်။ခင်မကြင်တော့ညင်ညင်ရေစီး၊ တမ်းတညည်းဟန်ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိကြည့်လေရာရာ၊ ဝေဒနာနှင့်ရေပြာအလှ ကင်းဖူးတယ်။ဩော်… နှစ်တွေကြာလို့တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်ဒီသစ်ပင်ကား၊ ချောင်းရေစား၍ကမ်းပါးပြိုနောက် ပါလေပြီ…။ဒီကပြန်လျှင်၊ ရင်မခုန်တတ်မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရအနည်ကျပြီ…ဘ၀ဆိုတာ… ဒါပဲ ခင်…    ။

မောင်စိန်ဝင်း(ပုတီးကုန်း)

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

မောင်စိန်ဝင်း(ပုတီးကုန်း)

ချစ်သူသစ်ပင်

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။

မောင်စိန်ဝင်း(ပုတီးကုန်း)

အချစ်ဦး

တစ်သက်တစ်ခါ 
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် 
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ 
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ 
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့ 
ပန်းခြောက်လေးပဲမြတ်နိုးမယ်။

        မောင်စိန်ဝင်း(ပုတီးကုန်း)